Tuesday, December 2, 2014

မင်းမဲ့တိုင်းပြည်

Leave a Comment
အို အဆွေ

လာလော့….. ရှုလော့

ကျွန်ုပ်တို့ရဲ့ မင်းမဲ့တိုင်းပြည်






အုပ်စိုးသူ မရှိ
မင်းမှုထမ်း မပါ
လာဘ်စားတာ မရှိ
ဖော်လံဖား နတ္ထိ
မင်းလိုလိုက်စရာလည်းမလို
မင်းကြိုက်ဆောင်ဖို့ ဝေလာဝေး
ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းလို့
လူတန်းစားမခွဲတဲ့ မင်းမဲ့တိုင်းပြည်

အာဏာရှင် စနစ်လည်းမဟုတ်
ဆိုရှယ်လစ်လည်း မပါ
ကွန်မြူနစ်လည်း ဘေးကိုချ
ကိုယ့်ဘဝမှာ ကိုယ်သာ သက်ဦးဆံပိုင်

ဒီတိုင်းပြည်မှာ ဥပဒေမရှိဘူး
သူ့စည်း ကိုယ့်စည်း
လူ့စည်း ဘီလူးစည်း
အသီးသီးခွဲထားကြရဲ့

ဟီရိသြတပ္ပကိုသာ ငါတို့ကိုင်စွဲထား
သီလ ငါးပါးဟာ ငါတို့ရဲ့ လူမှုဆက်ဆံရေး
လေးပါးသော ဗြဟ္မစိုရ်
ငါတို့ ဗဟိုပေါ့

ရွယ်တူချင်း ရိုင်းပင်း
ငယ်သူဆို အားပေး
ကြီးသူဆို အလေးထားလို့
ငါတို့ကြား မဏ္ဍိုင်တစ်ခုထားခဲ့တယ်

အတ္တ ကင်းတဲ့ ပတ်ဝန်းကျင်
မောဟကင်းတဲ့ လူမှုဘဝ
လောဘမပါတဲ့ ဆက်ဆံရေး
မင်းမဲ့တိုင်းပြည်ရဲ့ လေထုထဲမှာ မင်း ရှာတွေ့လိမ့်မယ်

ဒီတိုင်းပြည်ကိုသွားဖို့
မင်းဖြတ်ရမှာ တံခါးတစ်ခုတည်း
ဒီတံခါးကို ဖွင့်ဖို့တော့
ရိုးသားမှုဆိုတဲ့ သော့တစ်ချောင်းယူခဲ့
မင်းမဲ့ တိုင်းပြည်က
နွေးထွေးစွာ ကြိုနေလေရဲ့ ၊၊ ၊၊

လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)

0 comments :

Post a Comment