သက်ရောက်မှု တိုင်းမှာ
တန်ပြန်သက်ရောက်မှု ရှိတယ် ဆိုတဲ့
နယူတန်ရဲ့ နိယာမ ဟာ
အချစ်မှာ ကျရှုံးခဲ့သူတွေအဖို့
အပြစ်တင်စရာချည်း ဖြစ်လို့နေတယ်။
နယူတန်သာ အသက်ရှင်နေတုန်း ဆိုရင်
တုန့်ပြန် ဖြေရှင်းခွင့် မရှိဘဲ
တဖက်သတ် အပြစ်တင်ခံခဲ့ရတာကို
ဘယ်လောက်များ မချိတင်ကဲ ဖြစ်လိမ့်မယ် မသိ
တကယ်တမ်း ပြန်တွေးကြည့်ရင်
နယူတန် မမှားခဲ့ပါဘူး
သက်ရောက်မှုတိုင်း တန်ပြန်သက်ရောက်မှု ရှိပေမယ့်
သိသာတဲ့ ပမာဏ မဟုတ်ခဲ့ရင်
တန်ပြန်သက်ရောက်မှုဟာ ဘယ်လိုလုပ် မြင်သာတော့မလဲလေ….
အချစ် ဆိုတာကလည်း
ပေးသလောက် ပြန်ရတဲ့ အရာမှ မဟုတ်ခဲ့တာ….
လေးစားစွာဖြင့်
မစ္စတာ မာဃ (ခေတ္တ လူ့ပြည်)
0 comments :
Post a Comment